အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာန
Global English Course
စည်းကမ်းချက်များ

 

သင်တန်းသူ/သားများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာရမည်။ လိုက်နာခြင်းမရှိပါက သင်တန်းတက်ခွင့်ရပ်ဆိုင်းမည်။

၁။ ကျောင်းခေါ်ချိန် ၇၅% ပြည့်ရမည်။
၂။ သင်တန်းကို အချိန်မှန်မှန် တက်ရောက်ရမည်။
၃။ သင်တန်းတက်ရောက်နေသော ပရဝုဏ်အတွင်းနှင့် စာသင်ခန်းများအတွင်း၌ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆူညံစွာအော်ဟစ်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ ဆေးလိပ် သောက်ခြင်းများ
မပြုလုပ်ရပါ။
၄။ မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီသော အဝတ်အစားများသာ ဝတ်ဆင်ရပါမည်။ ဆံပင်များအရောင်မျိုးစုံ ဆိုးခြင်း၊ မသင့်လျှော်သော စာတမ်းများပါသည့် တီရှပ်များ၊ အင်္ကျီလက်ပြတ်များ၊ ဂျင်းဘောင်းဘီများ၊ ဘောင်းဘီတို (quarter-Length) များဝတ်ဆင်ခြင်း၊ အမျိုးသမီးများဖြစ်က လုံချည်ကွဲများ၊ စကပ်များ ဝတ်ဆင်ခြင်း၊ အမျိုးသားများဖြစ်က ဆံပင်ရှည်ထား၍စုချည်ခြင်း၊ နားကပ်ပန်ဆင်ခြင်းများ ခွင့်မပြုပါ။
၅။ စာသင်နေစဉ်အတွင်း ဖုန်းလက်ခံပြောဆိုခြင်း၊ ခေါ်ဆိုခြင်းလုံးဝမပြုရပါ။ Mobile ဖုန်းများကို Silent Mode တွင်ထားရမည်။
၆။ သင်တန်းရှိပရိဘောဂများပေါ်တွင် ရေးခြစ်ခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်းများ မပြုလုပ်ရပါ။ ပြုလုပ်သည်ကို တွေ့ရှိပါက၊ ၎င်းပရိဘောဂ၏ အသစ်တန်ဖိုးအတိုင်း ပေးလျော်ရမည်။
၇။ သင်တန်းကြေးများကို မည်သည့်အကြောင်းပြချက်နှင့်မျှ ပြန်လည်ထုတ်ယူခြင်း၊ လူစားထိုးခြင်းများ ခွင့်မပြုပါ။
၈။ သက်ဆိုင်ရာပုံစံများ ဖြည့်စွက်ရာတွင် မိမိတို့၏ အချက်အလက်အမှန်နှင့် လိပ်စာအမှန်ကိုသာ ဖြည့်စွက်ရမည်။
၉။ နိုင်ငံဝန်ထမ်း သင်တန်းသူ/သားများသည် သက်ဆိုင်ရာ ကျောင်း၊ ရုံး၊ ဌာနရှိ တာဝန်ခံအကြီးအကဲထံမှ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။
၁၀။ ဌာနအကြီးအကဲထံမှ ခွင့်ပြုချက်မရရှိပဲ (သို့မဟုတ်) နိုင်ငံဝန်ထမ်းဖြစ်လျက်နှင့် ဝန်ထမ်းမဟုတ်ပါဟု လိမ်လည်ပြောဆို၍ သင်တန်းတက်ရောက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သင်တန်းမှ
ထုတ်ပယ်ခြင်းခံရမည်။
၁၁။ Basic Level မှ စတင်တက်ရောက်ရမည်။ Advanced Level II အောင်မြင်ပြီးပါ Diploma in English ချီးမြှင့်မည်။
၁၁။ သင်တန်းကြီးကြပ်ရေးအဖွဲ့မှ အခါအားလျော်စွာ သတ်မှတ်ထုတ်ပြန်သည့် စည်းကမ်းချက်များကို လိုက်နာရမည်။